Mar 17

မြန်မာပြည်မြောက်ဘက်စွန်း၊ တိဗက်နယ်စပ် တောတောင်ထဲတွင် လူရိုင်းဘုရင်မအဖြစ် တကိုယ်တည်း ပျော်စံရရှာသည့် အလှထိပ်ခေါင်တင်တစ်ဦး၊ အာယုဒီဃမီးလျှံထဲသို့ ဆင်းလိုက်တိုင်း ပိုမိုနုပျိုလှပလာပြီး အသက်ပိုပို ရှည်လာခဲ့သည်။ ဤသို့ဖြင့် အသက် ၂၅၀၀ ခန့်ရှိကာ သံသရာတစ်ကွေ့တွင် ပြန်ဆုံနိုင်မည့် ချစ်သူဟောင်း ကုမာရ ကိုစောင့်နေခဲ့ရရှာသည်။ အာယုဒီဃမီးလျှံတွင်းမှ ထွက်လာတိုင်း ထွက်လာတိုင်း တိုးတိုးပြီးလှလာသည့် ရူပနန္ဒီ ကဲ့သို့ပင် မြပြာ တို့သည်လည်း မီးဖုတ်ပြီးသည်နှင့် မီးလောင်ကျွမ်းပြီးသည်နှင့် အသွေးသစ်အသွင်သစ်ဖြင့် ပိုမိုလှပလာသည့် ဖီးနစ်ငှက်ကျောက်မျက်ဖြစ်သည်။ (ကိုစောကျော်ရဲ့ ဆောင်းပါးတစ်ပုဒ်ကပါ။)
ကျွန်တော်တို့ရဲ့ ကျောက်မျက်ပန်းချီကားတွေမှာ ပါဝင်တဲ့ အပြာရောင်နုနုကျောက်မျက်လေးတွေဟာ မြပြာမှုန်လေးတွေပါ။ မြပြာကို အင်္ဂလိပ်လို Aquamarine လို့ခေါ်ပါတယ်။ ကျွန်တော့်အနှစ်သက်ဆုံး ကျောက်မျက်အမျိုးအစားလည်း ဖြစ်ပါတယ်။ ပင်လယ်ပြာရောင်လေးဖြစ်နေလို့ ” Aqua= ရေ” ” Marine= ပင်လယ်” ဆိုပြီးမှည့်ခေါ်ထားတာပါ။ သူ့ကိုမြပြာလို့ခေါ်သလို သလင်းစိမ်းလို့လဲ ခေါ်ပါတယ်။ တန်ဖိုးမြင့်တဲ့ မြ အမျိုးအစားထဲကပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြကကြွပ်ဆတ်မှုရှိပေမယ့် မြပြာကတော့ ကြွတ်ဆတ်မှု မရှိပါဘူး။ အပြစ်အနာအဆာကင်းကင်းနဲ့ပဲ တွေ့ရတတ်ပါတယ်။ နာမည်ကျော်ကြားတဲ့ မြပြာကြီးကို ဘရာဇီးနိုင်ငံမှ ထွက်ရှိခဲ့ပါတယ်။ သူ့ကို မာသာရိချာ လို့ခေါ်ပြီး ၁၃၄ ပေါင်လေးပါတယ်။ သူ့ဆီကနေ ကလပ်ချိန် ၃သိန်းကျော် ထွက်ရှိခဲ့ပါတယ်။

ဂရိတွေရဲ့ဒဏ္ဍရီမှာတော့ အကွာမရင်းဟာ ရေသူမတွေရဲ့စံအိမ်ကလာတဲ့ ကျောက်ဖြစ်တယ်လို့ဆိုပါတယ်။ ရေသူမတွေဟာ ပင်လယ်ကမ်းခြေသဲသောင်နဲပ ကျောက်ဆောင်တွေမှာ လာဆော့ကစားရင်း လူသားတို့နဲ့ မိတ်ဆွေဖြစ်ချင်တာရယ်၊ လူတွေရဲ့ငြိမ်းချမ်းမှုကို ရလိုတာကြောင့် အမှတ်အသားအဖြစ် အကွာမရင်းကျောက်တွေကို ပင်လယ်ကမ်းခြေမှာ ဖြန့်ကြဲပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ပင်လယ်နဲ့ အသက်မွေးတဲ့သူ သဘောင်္သားတွေကတော့ အကွာမရင်းကို အဆောင်ကျောက်အဖြစ် ၀တ်ဆင်ကြပါတယ်။ ခရီးမှာမတော်တဆအခက်အခဲပေါ်ရင် သူတို့ကိုမိတ်ဆွေဖြစ်တဲ့ ရေသူမတွေကကယ်မယ်လို့ ယုံကြည်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့ကျတော့ အကွာမရင်းဟာ တစ်ဦးနဲ့တစ်ဦး အခန့်မသင့်ဖြစ်နေတဲ့ဇနီးမောင်နှံကြားမှာ ပြန်လည်ပေါင်းစည်းပေးတဲ့ ကျောက်လို့ယုံကြည်ကြပြန်ပါတယ်။ အကွာမရင်းကျောက်တစ်ပွင့်လောက်ကို လက်ဆောင်ပေးခြင်းဟာ တစ်ဦးနဲ့တစ်ဦးကြား ဖြစ်နေတဲ့မကြည်လင်မှုတွေကို အလိုလိုပပျောက်သွားစေတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ပန်းချီကားတွေမှာက အကွာမရင်းမှုန်လေးတွေ အများကြီးသုံးထားတော့ ပိုစွမ်းနိုင်ပါတယ်။ အဟဲ- လက်ဆောင်ပေးမယ်ဆိုရင် ကျွန်တော်တို့ပန်းချီကားတွေကိုသာ ၀ယ်ပြီးပေးတာပိုမိုသင့်တော်ပါလိမ့်မယ်။
Mar 07

ကျွန်တော်တို့တတွေ ပထမခြယ်မှုန်းခဲ့တဲ့ တဲအိမ်စု ဆိုတဲ့ပန်းချီကားလေးအတိုင်းပဲ ဒီပန်းချီကားလေးကိုလည်း ခြယ်မှုန်းခဲ့တာပါ။ ကျေးလက်ရဲ့သဘာဝအလှတရားကို ပေါ်လွင်စေဖို့ ကျွန်တော်တို့ကြိုးစားထားပါတယ်။ ကိုယ်ထူကိုယ်ထသွယ်တန်းထားတဲ့ တံတားငယ်လေး နဲ့အတူ ကမ်းစပ်မှာပေါက်နေတဲ့ ညောင်ပင်ကြီး ကို ကျွန်တော်တို့ဖန်တီးတဲ့အခါမှာတော့ ခက်ခက်ခဲခဲနဲ့ သတိထားပြီးပြုလုပ်ခဲ့ကြရပါတယ်။ အုံးမှိုင်းနေတဲ့ အဲဒီညောင်ပင်ကြီးက သစ်ရွက်တွေကိုလည်း သဘာဝအလှနဲ့ကိုက်ညီအောင် ကျောက်မှုန်လေးတွေကို သတိထားရွေးချယ်ပြီး ခြယ်မှုန်းခဲ့ကြပါတယ်။ မြန်မာ့ကျောက်မျက်နဲ့ မြန်မာ့ကျေးလက်ကို အတတ်နိုင်ဆုံးတူညီအောင် ကျွန်တော်တို့ဖေါ်ကြူးထားပါတယ်ခင်ဗျာ။
Feb 24

အပန်းဖြေချင်စရာ ကမ်းခြေလေးတစ်ခုကို ဖန်တီးထားတာပါခင်ဗျာ။ ဒီပန်းချီကားလေးကိုတော့ ကျောက်စိမ်းတွေကို အဓိကထားအသုံးပြုထားပြီး ရောင်စုံကျောက်တွေကို ၀န်းရံအလှဆင်ထားပါတယ်။ ခံစားကြည့်ပါခင်ဗျာ။
Jan 29

ကလေးပန်းချီဆန်ဆန် ဖန်တီးထားတာပါ ခင်ဗျာ။ နေ၀င်ခါနီးအချိန် ကမ်းကပ်ထားတဲ့ မော်တော်လေးတစ်စီးရဲ့ ပုံပါ။ တွင်းထွက်ကျောက်ရောင်စုံလေးတွေကို အသုံးပြုထားပါတယ်။ ကျောက်စိမ်းလေးတွေကတော့ ရေပေါ်မှာပေါက်နေတဲ့ ဒိုက်ပင်လေးတွေကို ကိုယ်စားပြုပါတယ် ခင်ဗျာ။
Jan 24

မြစ်ကမ်းဘေးက တဲအိမ်စု လေးတွေရဲ့ပုံကို ခြယ်မှုန်းထားတာပါခင်ဗျာ။ ကျေးလက်ရဲ့သဘာဝကို ဒီပုံလေးမှာ မြင်တွေ့နိုင်ပါတယ်။ စုတ်နဲ့ခြယ်ထားတဲ့ ပန်းချီပုံစံတစ်ခုအတိုင်းဖြစ်အောင် အတတ်နိုင်ဆုံး ဖန်တီးထားပါတယ်ခင်ဗျာ။ ကျောက်ထွင်းပန်းချီ ပေါ့ခင်ဗျာ။
Jan 17

ချစ်သူတွေအတွက် ရည်ရွယ်ပြီးဖန်တီးလိုက်ပါတယ်ခင်ဗျာ။ ဘယ်သူမဆို ၀င်ကြေးမရှိ လည်ပတ်နိုင်ပါတယ်။ တစ်ယောက်လက် တစ်ယောက်တွဲပြီး လျှောက်ဖို့အတွက် အကောင်းဆုံးလမ်းလေးတစ်ခုလည်း ဒီမှာရှိပါတယ်။
Jan 09
Posted by zoxnet Under Making on Friday Jan 9, 2009

ကျွန်တော်တို့နေထိုင်နေတဲ့ မြန်မာနိုင်ငံရဲ့မြေပုံပါ။ (အဟဲ . . မသိမှာစိုးလို့)။ ပြည်နယ်ခုနှစ်ခု၊ တိုင်းခုနှစ်ခုကို ကျောက်မျက်အရောင်တစ်မျိုးစီနဲ့ စီခြယ်ပေးထားပါတယ်။
Jan 09

အမြင်တစ်မျိုးဆန်းသစ်ဖို့အတွက် နောက်အရောင်တစ်မျိုးနဲ့ ဖန်တီးထားပါတယ်။ နီလာကျောက်မျက်ဖျော့ဖျော့လေးတွေကိုပဲ ဦးစားပေးသုံးစွဲထားပါတယ်။ မျက်စိပသာဒတစ်မျိုး ဖြစ်စေမှာပါခင်ဗျာ။ (ရွေးချယ်အကြံပေးစေလိုပါတယ်)။
Jan 09

ကမ္ဘာပေါ်မှာ အမြင့်မားဆုံးစာရင်းဝင်ခဲ့ဖူးတဲ့ မလေးရှားနိုင်ငံရဲ့ မျှော်စင်ကြီးပါ။ မလေးရှားနိုင်ငံကို ထင်ရှားစေဖို့အတွက် အစိတ်အပိုင်းတစ်ခုလဲ ဖြစ်ပါတယ်။ မျှော်စင်ကြီးရဲ့အစိတ်အပိုင်းတွေကို မဟူရာအစအနတွေရယ်၊ ပတ္တမြားမှုန်တွေရယ်ကို အသုံးပြုပြီး ကျွန်တော်တို့တတွေ ခြယ်မှုန်ထားပါတယ်။
Jan 09

အိန္ဒိယနိုင်ငံမှာ ထင်ရှားတဲ့အချစ်ရာဇ၀င်တစ်ခု ရှိခဲ့ဖူးပါတယ်။ ဒီအဆောက်အဦးကြီးဟာ အဲဒီရာဇ၀င်ကို ဒီနေ့ထက်ထိ အမှတ်ရစေဖို့ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တတွေကလည်း တန်ဖိုးကြီးပတ္တမြားတွေနဲ့ပဲ ဦးစားပေးခြယ်မှုန်းထားပါတယ်။ နှစ်သက်စရာပန်းချီကားတစ်ချပ် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။